စာမျက်နှာများ

Friday, September 12, 2014

ပြောင်း ရွက်ညိုပြောက် ရောဂါ

၇။ ။ ပြောင်း ရွက်ညိုပြောက် ရောဂါ
Brown spot
(Physoderma maydis)
၎င်း ရောဂါကို မိုးများ၍ ပူပြင်းသော ဒေသများတွင် တွေ့ရတတ်သည်။ ပြောင်းရွက်များ၊ ရွက်ဖုံးများ၊ ပင်စည်နှင့် တစ်ခါတရံ ပြောင်ဖူးခွံများပေါ် အထိ ကျရောက်သည်။ ပထမဆုံး သတိထားရမည့် လက္ခဏာများကို ရွက်ပြားများ အပေါ်တွင် စတင် တွေ့ရပြီး၊ သေးငယ်သော အနာကွက်လေးများ ဖြစ်ပေါ်စေသည်။ ပြောင်းရွက်ပြား၏ အလယ်ကြောပေါ်တွင် အညိုရင့်ရောင် အဝိုင်းလိုက် အစက်လေးများကို ဖြစ်စေသည်။
၎င်း ရောဂါ ကျရောက်မှု ပြင်းထန်ပါက ပင်စည်ပုပ်ခြင်း၊ ကျိုးကျခြင်းများ ဖြစ်ပေါ်တတ်သည်။

No comments:

Post a Comment