စာမျက်နှာများ

Friday, September 12, 2014

ပြောင်း ရွက်ခြောက် ရောဂါ (တာစီကန်)

၈။ ။ ပြောင်း ရွက်ခြောက် ရောဂါ (တာစီကန်)
Turcicum Leaf Blight (Exserohilum turcicum)
အိန္ဒိယ နိုင်ငံ တောင်ပိုင်းတွင် ကျရောက်သော မှိုရောဂါ တစ်မျိုးဖြစ်သည်။
ပထမဆုံး တွေ့ရမည့် ရောဂါ လက္ခဏာမှာ ပြောင်းရွက်များပေါ်တွင် ဘဲဥပုံ ရေစိုနာကွက်များကို တွေ့ရသည်။ နောက်ပိုင်းတွင် ၃ စင်တီမီတာ မှ ၁၅ စင်တီမီတာ အထိ ရှည်သော ဆေးလိပ်ပုံ အနာကွက်များ အဖြစ် ပြောင်းသွားသည်။ ထိုကဲ့သို့ ဘဲဥပုံ၊ ဆေးလိပ်ပုံ၊ အစိမ်းဖျော့ရောင် အနာကွက်များ၏ အစွန်းများတွင် အမည်းရောင်များကို တွေ့ရသည်။ ထို အမည်းရောင် နေရာများမှ မှိုဥများ ဆက်လက် ပြန့်ပွားသည်။
၎င်း ရောဂါ အနာကွက်များသည် အောက်ရွက်များတွင် စတင် ကျရောက်ပြီး၊ အပေါ်ရွက်များသို့ ကူးဆက်ကာ အနှံများပေါ် အထိ ကျရောက်တတ်သည်။ ပြင်းထန်စွာ ကျရောက်ပါက အနာကွက်များ ဆက်သွားပြီး တစ်ရွက်လုံး ခြောက်သွေ့သွားသည်။ ၇၀% ရာခိုင်နှုန်း အထိ အထွက်နှုန်းကို ကျဆင်းစေသည်။

Maize.pdf အမည်ရှိ အိန္ဒိယ နိုင်ငံ၊ အစိုးရဌာနများမှ စုစည်း တင်ပြထားသော စာတမ်းကို ဘာသာပြန် ဖော်ပြပေးခြင်း ဖြစ်ပါသည်။ စာ အထားအသို၊ ဘာသာပြန် အသုံးအနှုန်း နှင့် ဓာတ်ပုံများ တွဲဖက် တင်ပြရာတွင် အမှားအယွင်း တစ်စုံတစ်ရာ ရှိပါက ဘာသာပြန်သူ ကျွန်တော်၏ အားနည်းချက်သာ ဖြစ်ပါသည်။ မူရင်းဖိုင်ဖြစ်သော Maize.pdf ကို Google Search တွင် (maize pdf) ဟူ၍ ရိုက်ထည့် ရှာဖွေ၊ ရယူနိုင်ပါသည်။ ယခု ဖော်ပြချက်များမှာ ပိုးမွှားနှင့် ရောဂါ အကြောင်းများသာ ထုတ်နုတ် ဖော်ပြခြင်းဖြစ်၍ အပြည့်အစုံဖြစ်သော မူရင်းဖိုင်ကို ထပ်မံ ဖတ်ရှုကြပါရန် တိုက်တွန်းပါသည်။

ပြောင်း ရွက်ညိုပြောက် ရောဂါ

၇။ ။ ပြောင်း ရွက်ညိုပြောက် ရောဂါ
Brown spot
(Physoderma maydis)
၎င်း ရောဂါကို မိုးများ၍ ပူပြင်းသော ဒေသများတွင် တွေ့ရတတ်သည်။ ပြောင်းရွက်များ၊ ရွက်ဖုံးများ၊ ပင်စည်နှင့် တစ်ခါတရံ ပြောင်ဖူးခွံများပေါ် အထိ ကျရောက်သည်။ ပထမဆုံး သတိထားရမည့် လက္ခဏာများကို ရွက်ပြားများ အပေါ်တွင် စတင် တွေ့ရပြီး၊ သေးငယ်သော အနာကွက်လေးများ ဖြစ်ပေါ်စေသည်။ ပြောင်းရွက်ပြား၏ အလယ်ကြောပေါ်တွင် အညိုရင့်ရောင် အဝိုင်းလိုက် အစက်လေးများကို ဖြစ်စေသည်။
၎င်း ရောဂါ ကျရောက်မှု ပြင်းထန်ပါက ပင်စည်ပုပ်ခြင်း၊ ကျိုးကျခြင်းများ ဖြစ်ပေါ်တတ်သည်။

ပြောင်း မီးသွေးပုပ် ရောဂါ

၆။ ။ ပြောင်း မီးသွေးပုပ် ရောဂါ
Charcoal Rot
(Macrophamina phaseolina)
၎င်းကို အပူပိုင်းဒေသ ပြောင်းစိုက်ခင်းများတွင် တွေ့ရတတ်သည်။ ပြောင်းပင် သက်တမ်းအတွင်း ပြောင်းစေ့များ ဖြည့်တင်းချိန်တွင် အဖြစ်များသည်။ အပူချိန် ၃၀ မှ  ၄၀ စင်တီဂရိတ် အတွင်း မြေအစိုဓာတ် နည်းပါးပါက ၎င်းရောဂါ ကျရောက်တတ်သည်။
၎င်း မှိုရောဂါသည် ပြောင်းပင်၏ အမြစ်များကို အဓိက ဝင်ရောက် တိုက်ခိုက်ပြီး ပင်စည်သို့ တက်လာသည်။ ပြောင်းဖူး ရင့်မှည့်ချိန် ကြာသွားတတ်သည်။ ကျရောက်ပုံ လက္ခဏာမှာ ပြောင်းပင် အောက်ခြေ အဆစ်များကို ကောက်ရိုးရောင်များ ဖြစ်စေပြီး၊ အူတိုင်မှာ မဲသွားသည်။

ပြောင်း သံချေး ရောဂါ

၅။ ။ ပြောင်း သံချေး ရောဂါ
Common Rust
(Puccinia sorghi)
အေးသောဒေသများတွင် အဖြစ်များသည်။
၎င်း ရောဂါ လက္ခဏာမှာ လုံးဝန်းသော၊ ရှည်မျှောသော ရွှေညိုရောင် သို့မဟုတ် သံချေးရောင်၊ အမှုန့်များ ပေါင်ရွက်၏ မျက်နှာပြင် နှစ်ဘက်လုံးတွင် ကျရောက်သည်။ ပြောင်းပင် ရင့်လာသလို၊ ၎င်း ရောဂါသည်လည်း အညိုရင့်ရောင်မှ အနက်ရောင်ပြောင်းကာ ပွားများလာသည်။ ပြင်းထန်သော အခြေအနေတွင် ရွက်ဖုန်းများနှင့် အခြား အပင်များသို့ ကူးဆက် ပျံ့နှံ့သည်။

Thursday, September 11, 2014

၎။ ။ ပြောင်း ဘက်တီးရီးယား ပင်ခြေပုပ်၊ အူပုပ် ရောဂါ

၎။ ။ ပြောင်း ဘက်တီးရီးယား ပင်ခြေပုပ်၊ အူပုပ် ရောဂါ
Bacterial Stalk Rot
(Erwinia carotovora)
(Erwinia chrysanthemi)
၎င်း ရောဂါကို အပူချိန် မြင့်မားမူ၊ စိုထိုင်းဆ မြင့်မားမူ တွဲလျှက် ရှိသော ဒေသများတွင် တွေ့ရသည်။ ပြောင်းပင် ပန်းမပွင့်မီ အတောအတွင်း ကျရောက်တတ်သည်။
၎င်း ရောဂါသည် မြေဆောင်ရောဂါ ဖြစ်ပြီး၊ ပြောင်းပင်ရှိ ထိခိုက် ဒဏ်ရာ ရနေသော နေရာမှတစ်ဆင့် ဝင်ရောက် ဖြစ်ပွှားသည်။ ပြောင်းရိုးများ၊ ပြောင်းရွက် ကဲ့သို့ အကြွင်းအကျန်များ အတွင်း ရှင်သန် နေထိုင်ပြီး၊ တစ်နှစ်ပြီး တစ်နှစ် ဆက်လက် ကျရောက်တတ်သည်။ အနှံ နှင့် အဖူးကင်းများ ပုပ်သွားတတ်သည်။ ပြောင်းပင် ဖွံ့ဖြိုးမူ နှေးကွေးသွားပြီး အနှံမှာ ကျိုးကျသွားသည်။

Wednesday, September 10, 2014

၃။ ။ ပြောင်း ပင်ခြေပုပ်၊ အူပုပ် ရောဂါ

၃။ ။ ပြောင်း ပင်ခြေပုပ်၊ အူပုပ် ရောဂါ
Pythium stalk rot
(Pythium aphanidermatum)
မြေပြင်နှင့် နီးကပ်သော ပြောင်းပင်၏ အောက်ဆုံး အဆစ်ကြားတွင် အညိုရောင်၊ ဘဲဥပုံ အနာကွက်များ စတင်ဖြစ်ပေါ်လာသည်။ ၎င်း ရောဂါ ကျရောက်ခံရသော ပြောင်းပင်၏ အဆစ်ကြား အူတိုင်သည် ပုပ်သွားသော်လည်း အမျှင်ဓာတ် ဖွဲ့စည်းပုံ မထိခိုက်ပေ။ နောက်ပိုင်း ပင်စည်၏ အလေးချိန်ကို အောက်ခြေမှ မခံနိုင်သောအခါ ပြောင်းပင် လဲကျ၊ ကျိုးကျ သွားသည်။ ထိုကဲ့သို့ လဲကျ၊ ကျိုးကျသော ပြောင်းပင်များသည် ရက် အနည်းငယ်အထိ ဆက်လက် စိမ်းနေသေးသည်။

ပြောင်း ဒေါင်းနီ ရွက်ခြောက်ရောဂါ

၂။ ။ ပြောင်း ဒေါင်းနီ ရွက်ခြောက်ရောဂါ
Downy Mildew/ Downey Mildew
ပြောင်း ဒေါင်းနီ ရွက်ခြောက်ရောဂါ ဟု ခေါ်ဝေါ် ကြသည်။ ဒေါင်းနီ ရွက်ခြောက်ရောဂါ ဖြစ်စေသော မှိုများကို အုပ်စု ၄ ခု ခွဲခြားထားသည်။ ၎င်း ပြောင်း ဒေါင်းနီ ရွက်ခြောက် မှိုရောဂါ သည် စီးပွားဖြစ်စိုက်ပျိုးသော သီနှံမျိုးစုံတွင် ကျရောက်တတ်သည်။

က။ ။ အနှံတွင် ကျရောက်သော ပြောင်း ဒေါင်းနီ ရွက်ခြောက်ရောဂါ
Sorghum Downy Mildew
(Perenoscleros sorghi)
ပင်လုံးပြန့်၊ အပြန်အလှန် လုပ်ဆောင်ချက်ရှိပြီး နောက်ကျ စိုက်ပျိုးသော စိုက်ခင်းများတွင် ပုံမှန်အားဖြင့် တွေ့ရတတ်သည်။ ပြောင်းပင်၏ အဖို ပန်းခိုင်ကို ပုံမမှန်သော ပန်းခိုင် ဖြစ်စေသည်။

ခ။ ။ အညိုရောင် ရွက်စင်း ဒေါင်းနီ မှိုရောဂါ
Brown Stripe Downy Mildew
(Sclerophthora rayssiae)
၎င်း ရောဂါကို ပြောင်းရွက်ပေါ်တွင်သာ တွေ့ရတတ်ပြီး၊ ဆဲလ်သေနေသော အစင်းကြောင်းများကို ဖြစ်စေသည်။ ယေဘုယျအားဖြင့် အရွက်များပေါ်တွင် စတင်တွေ့ရတတ်ပြီး၊ ပြင်းထန်ပါက အရွက်များ မီးကျွမ်းထားသလို ဖြစ်သွားသည်။

ဂ။ ။ ပြောင်းညွန့်တွင် ကျရောက်သော ဒေါင်းနီ ရွက်ခြောက်ရောဂါ
Crazy Top Downy Mildew
(Sclerophthora macrospore)
ပြောင်းပင် အညွန့်ပိုင်းရှိ တစ်စိတ်တစ်ပိုင်း၊ သို့မဟုတ် အားလုံးကို ပုံပျက်သွားစေသည်။ ချွန်ထက်၊ တွန့်လိမ်နေသော အရွက်လိပ်များ ပုံစံပြောင်းသွားစေပြီး၊ ပြောင်းပင် ကြီးထွားမူ ရပ်တန့်သွားသည်။

ဃ။ ။ ကြံရွက် ဒေါင်းနီ မှိုရောဂါ
Sugarcane Downy Mildew
(Perenosclerospora sacchari)
အစောပိုင်း၌ သေးငယ်၍ ဝိုင်းသော အနာကွက်ငယ်များကို တွေ့ရသည်။ ပင်လုံးပြန့်၊ အပြန်အလှန် လုပ်ဆောင်နိုင်စွမ်း ရှိသည်။ နောက်ပိုင်းတွင် ပြောင်းရွက်ပေါ်၌ ပန်းရောင်မှ အဖြူရောင် ရွက်စင်းများကို ဖြစ်စေသည်။ အရွက် မျက်နှာပြင် နှစ်ဘက်လုံးတွင် ကျရောက်သည်။ ထိုရောဂါ ကျရောက်ပါက သေးငယ်၍ ကြုံလှီသော အနှံနှင့်အတူ ပြောင်းပင်သည် ပုံပျက်၊ ပန်းပျက် ဖြစ်သွားသည်။

ပြောင်း ရွက်ခြောက်ရောဂါ

ပြောင်း သီးနှံတွင် အဓိက ကျရောက်တတ်သော ရောဂါများ
၁၁၂ မျိုးခန့်သော ရောဂါများ ကျရောက်တတ်သည်။ သို့သော် ၃၅ မျိုးခန့်သော ရောဂါများသာလျှင် အိန္ဒိယ နိုင်ငံတွင် ကျရောက်သည်။

၁။ ။ ပြောင်း ရွက်ခြောက်ရောဂါ
Maydis Leaf Blight
(Helminthosporium maydis)
ရောဂါ လက္ခဏာ ပုံစံမှာ အရွက်ပေါ်တွင် အညိုရောင် သံပြားပုံ၊ ရွက်ကြောပြိုင် (သို့) စိန်ကွက်ပုံရှိ၊ ၁ - ၄ စင်တီမီတာခန့် အနာကွက်များ ဖြစ်ပြီး၊ ၎င်း အနာကွက် အနားစွန်းများတွင် အညိုရောင် အကွက်များကို ဖြစ်စေသည်။ ဖျော့တော့သော ပုံမမှန် အကွက်များကိုလည်း ဖြစ်စေသည်။
ထိုကဲ့သို့ လက္ခဏာများကို အရွက်များ၊ ပင်စည်များ၊ ပြောင်းဖူးခွံများ၊ အနှံများနှင့် ပန်းခိုင်များပေါ်တွင် တွေ့ရတတ်သည်။

Saturday, September 6, 2014

ပြောင်းတွင် ကျရောက်သော ပ်

၅။ ။ပ် (Corn Leaf Aphid- Rhopalosiphum maidis)
မိုးခေါင်သော နှစ်များတွင် ပျကျခြင်းကို ဆိုးဝါးစွာ တွေ့ရတတ်သည်။ ပြောင်ပင်၏ အဖူးအပွင့် ၀င်ချိန်တွင် ပျကျခြင်းကို တွေ့ရတတ်သည်။ ပြောင်းပင်၏ သစ်ရည်ကို စုပ်စားခြင်းကြောင့် ပြောင်းပင်သည် အ၀ါရောင်ပြောင်ခြင်း၊ ထိပ်ရွက်စုစည်းခြင်း၊ အရွက်များ ပုံမမှန်ဖြစ်ခြင်းများ ဖြစ်ပေါ်တတ်သည်။ ပျကျရောက်ခံရသော ပြောင်းပင်သည် ပုသွားပြီး၊ အနီရောင်သို့ ပြောင်းလာသည်။ အပင်ငယ်တွင် ပျ ကျရောက် ဖျက်ဆီးပါက ကြုံတောင့်ကြုံခဲ ပန်းခိုင်ထွက်ခြင်း ဖြစ်တတ်သည်။
အစုအဝေးလိုက် ကျရောက်တတ်သော ပျများသည် အညွန့်ဖျားများ၊ အရွက် အောက်ဘက်များ၊ ပန်းခိုင်နှင့် မြိတ်စာများ၊ စသည်တို့ အပြင် အစေ့များတွင်ပါ ကျရောက်တတ်သည်။ ပျများသည် သစ်ရည်စုပ်စားပြီး၊ အချိုရည်ကို ပြန်လည် စွန့်ထုတ်ခြင်းကြောင့် ပုရွက်ဆိတ်များ တက်ခြင်း၊ မှိုရောဂါများ ကျရောက်ခြင်း တို့ကို ဖြစ်စေသည်။

မှတ်ချက်။ ။
အထက်ဖော်ပြပါ စာတမ်းသည် ပတ်ဝန်းကျင်နှင့် သစ်တောများ ထိန်းသိမ်းရေး အစိုးရ ၀န်ကြီးဌာန နှင့် သိပ္ပံနှင့် နည်းပညာ အစိုးရ၀န်ကြီးဌာန လက်အောက်ရှိ ဇီဝနည်းပညာ ဌာန တို့ ပူးပေါင်း ရေးသာထားသော စာတမ်း ဖြစ်ပါသည်။
မူရင်း အမည်မှာ Biology of Maize, Series of Crop Specific Biology Documents ဖြစ်ပါသည်။ မူရင်း pdf ဖိုင်ကို ရယူချင်ပါက Maize.pdf အမည်ဖြင့် Google Search တွင် ရှာဖွေ ရယူနိုင်ပါသည်။ (Maize pdf) ဟူ၍ (.) မပါဘဲ ရှာဖွေပါက ပြောင်းနှင့် ပတ်သတ်သော pdf ဖိုင်များ အားလုံးကို ရယူနိုင်ပါသည်။
၎င်း စာတမ်းပါ ပိုးမွှား အချက်အလက် အချို့ကို ဘာသာပြန် ဖော်ပြပေးခြင်း ဖြစ်ပါသည်။

ပြောင်းညွန့် ကြမ်းပိုး

၎။ ။ပြောင်းညွန့် ကြမ်းပိုး (Shoot Bug- Peregrinus maidis)
၎င်း ဖျက်ပိုးသည်လည်း မကြာခဏ ဆိုသလို ပြင်းထန်စွာ ကျရောက်ဖျက်ဆီးတတ်သည်။ အရွယ်ရောက် အကောင်ကြီးသည် ၀ါညိုရောင်မှ အနက်ရောင် ရှိပြီး၊ မာသော တောင်ပံများ ရှိသည်။ ပိုးလောက်ကောင်မှာမူ အ၀ါရောင်ရှိပြီး ပျော့သော ခန္ဓာကိုယ် ရှိသည်။ အကောင်ကြီးနှင့် လောက်ကောင်ငယ်တို့သည် ပြောင်းပင်၏ သစ်ရည်ကို စုပ်စားသည်။ ထို့ကြောင့် ပြောင်းပင်များသည် အ၀ါရောင်ဖြစ်ပြီး၊ ပုသွားခြင်း နှင့် မကျန်းမာသော ပုံစံသို့ ပြောင်းသွားသည်။ အရွက်များ ကြွေကျပြီး၊ ကျရောက်မှု ပြင်းထန်ပါက ပြောင်းပင်သေသွားသည်အထိ ဖြစ်စေသည်။ သစ်ရည် စုပ်စားတတ်သော ၎င်း ဖျက်ပိုးများကြောင့် ပြောင်းပင် ထိပ်ရွက် စုစည်းခြင်းများလည်း ဖြစ်တတ်သည်။ ထို့အပြင် မှိုရောဂါ ကျရောက်ရန် ဖိတ်ခေါ်ခြင်းနှင့် ရောဂါများ ပျံ့နှံစေခြင်းတို့ကိုလည်း ဖြစ်ပေါ်စေသည်။
၎င်း ဖျက်ပိုး ဥများ ဥသောအခါ ပြောင်းရွက်၏ အလယ်ရွက်ကြောသည် အနီရောင်သို့ ပြောင်းသွားပြီး၊ နောက်တွင် ပြောင်းရွက်မှာ ခြောက်သွေ့သွားသည်။

ပြောင်း ခေါင်ညွန့်ထိုး ယင်

၃။ ။ခေါင်ညွန့်ထိုးယင် (Shoot Fly- Atherigona soccata, A.naquii)
ပြောင်းသီးနှံတွင် ပြင်းပြင်းထန်ထန် ကျရောက် ဖျက်စီးသော ဖျက်ပိုးဖြစ်သည်။ ပြောင်းပင်ပေါက်စ အပင်ငယ်စဉ်တွင် အများဆုံး ကျရောက်လေ့ရှိသည်။ သေးငယ်သော လောက်ကောင်ငယ်သည် အရွက်ကြော အောက်ဘက်တွင် တွားသွားပြီး ပြောင်းပင်၏ အောက်ခြေသို့ ရောက်သည့်တိုင်အောင် ဆင်းသွားသည်။ ထို့နောက် ပြောင်းပင်ငယ်၏ အခြေကို ကိုက်ဖြတ်ခြင်း၊ အညွန့်ကို ကိုက်ဖြတ်ခြင်းများ ပြုလုပ်၍ ခေါင်းပုပ်ခြင်းကို ဖြစ်စေသည်။

ပြောင်း ပန်းရောင် ပင်စည်ထိုးပိုး

၂။ ။ပန်းရောင် ပင်စည်ထိုးပိုး။ ပန်းရောင် ဆစ်ပိုး (Pink Borer- Sesamia inferens)
ပုံမှန်အားဖြင့် အဖူး စတင်ဝင်ချိန်တွင် ကျရောက်တတ်သော ပိုးလောက်ကောင် ဖြစ်သည်။ ၂၅-၃၀ မီလီမီတာ ရှည်ပြီး၊ ၃ မီလီမီတာ တုတ်သော ပိုးလောက်ကောင်ကြီးသည် ချောမွတ်သော ခန္ဓာကိုယ်ရှိသည်။ ကျောဘက်တွင် ခရမ်း၊ ပန်းရောင်ရှိပြီး၊ ၀မ်းဗိုက်တွင် အဖြူရောင်ရှိသည်။ နီညိုရောင် ခေါင်းပိုင်းရှိပြီး ပိုးလောက်ကောင် သက်တမ်းမှာ ၃-၄ ပတ်ခန့် ရှိသည်။
ဥမှ ပေါက်ကာစ ပိုးလောက်ကောင်ငယ်များသည် ပြောင်းရွက်ဖုံး၏ အောက်တွင် အစုဖွဲ့ နေတတ်ကြပြီး၊ ပင်စည်နှင့် အရွက်ကြောများကို စတင် ကိုက်ဖြတ်ကြသည်။ အချို့မှာ နီးစပ်ရာ အရွက်ကြောများအတွင်း ထိုးဖောက်ဝင်ရောက် သကဲ့သို့ ပင်စည်အတွင်းသို့လည်း ထိုးဖောက် ၀င်ရောက်ကြသည်။ ရှည်လျှားသော အခေါင်းပေါက်သဖွယ် ထိုးဖောက် စားသုံးကြပြီး၊ ပင်စည်ထိုးပိုး စားသောက်ထားသော အပေါက်ငယ်များနှင့် မတူညီပေ။ နောက်ဆုံးတွင် ခေါင်ညွန့်အတွင်း ထိုးဖောက် ၀င်ရောက်ပြီး ပြောင်းပင်မှာ ညှိုးခြောက် သွားသည်။ အပင်ငယ်များမှာ ခေါင်းပုပ်သွားသည်။ တစ်ခါတစ်ရံ ပြောင်းပင်၏ ခြေရင်း အဆစ်တွင် လုံးဝန်းသော ကွင်းပုံစံ ကိုက်ဖြတ်ပေါက်ကို တွေ့ရတတ်သည်။ ပြင်းပြင်းထန်ထန် ကျရောက်ပါက ပင်စည် ကျိုးကျသွားသည် အထိ ဖျက်စီးသည်။

ပြောင်း ပင်စည်ထိုးပိုး

စစ်တမ်းများ အရ အိန္ဒိယနိုင်ငံ တစ်ဝန်း ပြောင်းသီးနှံတွင် ကျရောက်လေ့ရှိသော ဖျက်ပိုးပမာဏ ၁၃၀ခန့် ရှိသည်။ သို့သော် အချို့မှာ အနည်းငယ်သာ ကျရောက်ခြင်းဖြစ်၍ ပြင်းထန်စွာ ကျရောက်တတ်သော ဖျက်ပိုးများ အကြောင်းကို အောက်တွင် ဖော်ပြထားပါသည်။

၁။ ။ ပင်စည်ထိုးပိုး။ ဆစ်ပိုး (Stem Borer- Chilo partellus)
ပင်စည်ထိုးပိုးသည် အိန္ဒိယနိုင်ငံတွင် တစ်ဝန်းတွင် ကျယ်ပြန့်စွာ ကျရောက်သည်။ ပင်စည်ထိုးပိုး၏ ဖျက်ဆီးသော အဆင့်မှာ ပိုးလောက်ကောင် အရွယ်တွင် ဖြစ်သည်။ ဖလံဥများသည် ၂ရက်မှ ၅ရက် အကြာတွင် ပေါက်လာသည်။ လတ်လတ်ဆတ်ဆတ် ပေါက်လာသော လောက်ကောင်ငယ်သည် ပြောင်းပင်၏ ခေါင်ညွန့်အတွင်း ၀င်ရောက် စားသောက်သည်။ ၎င်းနောက်တွင် ပြောင်ပင်၏ ထိပ်ဆုံး အဆစ်ကြား အတွင်းသို့ ၀င်ရောက်သွားပြီး အူတိုင်တစ်လျှောက် အောက်သို့ ဆက်လက် စားရင်း ဆင်းသွားသည်။
ပြောင်းပင် ငယ်စဉ်တွင် ကျရောက်ပါက- ခေါင်ညွန့်ညှိုးခြောက်သွား၍ အလယ်အူချောင်း တစ်လျှောက် သေသွားတတ်သည်။ ထိုသို့ဖြစ်ခြင်းကို ခေါင်းပုပ်ခြင်းဟု ခေါ်သည်။ သို့သော် နောက်ပိုင်း ပြောင်းပင် ကြီးထွားချိန်မှ ပင်စည်ထိုးပိုး ကျရောက်သော် ထိုပုံစံ မတွေ့ရချေ။

ပြောင်းတွင်ကျရောက် တတ်သော ဖျက်ပိုး ၅မျိုးကို ခွဲ တင်ပေးထားပါသည်။