စာမျက်နှာများ

Saturday, September 6, 2014

ပြောင်းတွင် ကျရောက်သော ပ်


၅။ ။ပ် (Corn Leaf Aphid- Rhopalosiphum maidis)
မိုးခေါင်သော နှစ်များတွင် ပျကျခြင်းကို ဆိုးဝါးစွာ တွေ့ရတတ်သည်။ ပြောင်ပင်၏ အဖူးအပွင့် ၀င်ချိန်တွင် ပျကျခြင်းကို တွေ့ရတတ်သည်။ ပြောင်းပင်၏ သစ်ရည်ကို စုပ်စားခြင်းကြောင့် ပြောင်းပင်သည် အ၀ါရောင်ပြောင်ခြင်း၊ ထိပ်ရွက်စုစည်းခြင်း၊ အရွက်များ ပုံမမှန်ဖြစ်ခြင်းများ ဖြစ်ပေါ်တတ်သည်။ ပျကျရောက်ခံရသော ပြောင်းပင်သည် ပုသွားပြီး၊ အနီရောင်သို့ ပြောင်းလာသည်။ အပင်ငယ်တွင် ပျ ကျရောက် ဖျက်ဆီးပါက ကြုံတောင့်ကြုံခဲ ပန်းခိုင်ထွက်ခြင်း ဖြစ်တတ်သည်။
အစုအဝေးလိုက် ကျရောက်တတ်သော ပျများသည် အညွန့်ဖျားများ၊ အရွက် အောက်ဘက်များ၊ ပန်းခိုင်နှင့် မြိတ်စာများ၊ စသည်တို့ အပြင် အစေ့များတွင်ပါ ကျရောက်တတ်သည်။ ပျများသည် သစ်ရည်စုပ်စားပြီး၊ အချိုရည်ကို ပြန်လည် စွန့်ထုတ်ခြင်းကြောင့် ပုရွက်ဆိတ်များ တက်ခြင်း၊ မှိုရောဂါများ ကျရောက်ခြင်း တို့ကို ဖြစ်စေသည်။

မှတ်ချက်။ ။
အထက်ဖော်ပြပါ စာတမ်းသည် ပတ်ဝန်းကျင်နှင့် သစ်တောများ ထိန်းသိမ်းရေး အစိုးရ ၀န်ကြီးဌာန နှင့် သိပ္ပံနှင့် နည်းပညာ အစိုးရ၀န်ကြီးဌာန လက်အောက်ရှိ ဇီဝနည်းပညာ ဌာန တို့ ပူးပေါင်း ရေးသာထားသော စာတမ်း ဖြစ်ပါသည်။
မူရင်း အမည်မှာ Biology of Maize, Series of Crop Specific Biology Documents ဖြစ်ပါသည်။ မူရင်း pdf ဖိုင်ကို ရယူချင်ပါက Maize.pdf အမည်ဖြင့် Google Search တွင် ရှာဖွေ ရယူနိုင်ပါသည်။ (Maize pdf) ဟူ၍ (.) မပါဘဲ ရှာဖွေပါက ပြောင်းနှင့် ပတ်သတ်သော pdf ဖိုင်များ အားလုံးကို ရယူနိုင်ပါသည်။
၎င်း စာတမ်းပါ ပိုးမွှား အချက်အလက် အချို့ကို ဘာသာပြန် ဖော်ပြပေးခြင်း ဖြစ်ပါသည်။

No comments:

Post a Comment