၂။ ။ပန်းရောင် ပင်စည်ထိုးပိုး။ ပန်းရောင် ဆစ်ပိုး (Pink Borer- Sesamia inferens)
ပုံမှန်အားဖြင့် အဖူး စတင်ဝင်ချိန်တွင် ကျရောက်တတ်သော ပိုးလောက်ကောင် ဖြစ်သည်။ ၂၅-၃၀ မီလီမီတာ ရှည်ပြီး၊ ၃ မီလီမီတာ တုတ်သော ပိုးလောက်ကောင်ကြီးသည် ချောမွတ်သော ခန္ဓာကိုယ်ရှိသည်။ ကျောဘက်တွင် ခရမ်း၊ ပန်းရောင်ရှိပြီး၊ ၀မ်းဗိုက်တွင် အဖြူရောင်ရှိသည်။ နီညိုရောင် ခေါင်းပိုင်းရှိပြီး ပိုးလောက်ကောင် သက်တမ်းမှာ ၃-၄ ပတ်ခန့် ရှိသည်။
ဥမှ ပေါက်ကာစ ပိုးလောက်ကောင်ငယ်များသည် ပြောင်းရွက်ဖုံး၏ အောက်တွင် အစုဖွဲ့ နေတတ်ကြပြီး၊ ပင်စည်နှင့် အရွက်ကြောများကို စတင် ကိုက်ဖြတ်ကြသည်။ အချို့မှာ နီးစပ်ရာ အရွက်ကြောများအတွင်း ထိုးဖောက်ဝင်ရောက် သကဲ့သို့ ပင်စည်အတွင်းသို့လည်း ထိုးဖောက် ၀င်ရောက်ကြသည်။ ရှည်လျှားသော အခေါင်းပေါက်သဖွယ် ထိုးဖောက် စားသုံးကြပြီး၊ ပင်စည်ထိုးပိုး စားသောက်ထားသော အပေါက်ငယ်များနှင့် မတူညီပေ။ နောက်ဆုံးတွင် ခေါင်ညွန့်အတွင်း ထိုးဖောက် ၀င်ရောက်ပြီး ပြောင်းပင်မှာ ညှိုးခြောက် သွားသည်။ အပင်ငယ်များမှာ ခေါင်းပုပ်သွားသည်။ တစ်ခါတစ်ရံ ပြောင်းပင်၏ ခြေရင်း အဆစ်တွင် လုံးဝန်းသော ကွင်းပုံစံ ကိုက်ဖြတ်ပေါက်ကို တွေ့ရတတ်သည်။ ပြင်းပြင်းထန်ထန် ကျရောက်ပါက ပင်စည် ကျိုးကျသွားသည် အထိ ဖျက်စီးသည်။
Saturday, September 6, 2014
ပြောင်း ပန်းရောင် ပင်စည်ထိုးပိုး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment